DC & Innovation Center Presentation Event at NPT City Hall

Innovative Systems

DC & Innovation Center Presentation Event at NPT City Hall

Innovative System Co.,Ltd မှ နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံတကာအဆင့်မီ Data Center & Innovation Center တည်ဆောက်မည့်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များနှင့် စပ်လျဉ်း၍တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ ကော်မတီဝင် ဦးမင်းသူ၊ကော်မတီဝင် ဦးဆန်းနိုင် ၊အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊e-Government ဆိုင်ရာအကြံပေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ e-Government ဆိုင်ရာအကြံပေးကော်မတီ အဖွဲ့ဝင် ဦးရဲကျော်သိန်း၊ဌာနကြီးမှူး ဦးမင်းမင်းဇော်၊ဦးစိုးဟန် နှင့် ဌာနမှူးများ၊တာဝန်ရှိသူများတက်ရောက်ကြသည်။ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မှ ကော်မတီဝင် ဦးမင်းသူ မှ အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် Innovative System Co.,Ltd မှ နေပြည်တော်ကောင်စီနယ်မြေတွင် နိုင်ငံတကာအဆင့်မီ Data Center & Innovation Center တည်ဆောက်မည့်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များနှင့် စပ်လျဉ်း၍ဆွေးနွေး တင်ပြပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအားဆွေးနွေးမေးမြန်းကြသည်။ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးမင်းသူ မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published.