Project Status Update & Presentation for Data Management System to MOEE

Innovative Systems

Project Status Update & Presentation for Data Management System to MOEE

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် နော်ဝေနိုင်ငံ Oil for Development Program ဖြင့် ဆောင်ရွက်နေသော Data Management System နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး**********************************************************************************************နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ( ၁၈ )ရက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် နော်ဝေနိုင်ငံ Oil for Development Program ဖြင့် ဆောင်ရွက်နေသော Data Management System အတွက် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ Project Director ဖြစ်သူ Mrs. Synnove Via နှင့်အဖွဲ့၊ Service Provider ဖြစ်သူ Innovative Systems Co., Ltd. မှ ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Innovative Systems Co., Ltd. မှ နော်ဝေနိုင်ငံ Oil for Development Program ဖြင့် ဆောင်ရွက်နေသော Data Management System နှင့် စပ်လျဉ်း၍ အဆင့်အလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းအဆင့်အလိုက် ရည်မှန်း Target များအတိုင်း ပြီးမြောက်အောင်မြင်စေရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် များတွင် မိမိတို့ဌာနအတွက် အမှန်တကယ် အကျိုးရှိထိရောက်စေရေး၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝန်ထမ်းများအား ရွေးချယ်သတ်မှတ်၍ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများသို့ စေလွှတ်တက်ရောက်စေရေးနှင့် လုပ်ငန်းများ ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ အတွက် လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ စွမ်းအင်ကဏ္ဍကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ Innovative Systems Co., Ltd. နှင့် နော်ဝေနိုင်ငံ Oil for Development Program တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Leave a Reply

Your email address will not be published.